Monday 16 April 2012

ကို Dirty Doe Zez နဲ့အင်တာဗျူးပါ

ဒီတခေါက်တော့ နာမည်အသစ်ပြောင်းလိုက်တဲ့ ကိုဒိုးဇက်နဲ့ ဗျူးထားပါတယ်။

MUS : မင်္ဂလာပါ ကို Doezez
DIRTY DOE ZEZ : မင်္ဂလာပါ ဗျာ
MHG : အကိုနာမည်အရင်းလေးပြောပြပေးပါလား ခင်ဗျ။
DIRTY DOE ZEZ : စိုးမင်းအောင်ပါညီလေး
MUS : ဟုတ်ကဲ့ အကို Doe Zez ဆိုတဲ့နာမည်ကို ပေးရတဲ့အကြောင်းလေးပြောပြပေးပါလား။
DIRTY DOE ZEZ : အင်း ...အဒီနာမည်ကိုဘယ်လိုပေးဖြစ်ခဲ့လဲဆိုတော အကို 9တန်းနှစ်လောက်က ဇိုင်ဇိုင် ဆိုတဲ့နာမည်နဲ့ သီချင်းစလုပ်ခဲ့တယ် တနှစ်လောက်ကြာတော့ အဒီနာမည်ကို လူတွေက ဇိုင်းဇိုင်းလို့ခေါ်ကြတယ် အမှတ်တမဲ့ကြားတဲ့လူတွေက ကိုစိုင်းစိုင်းပဲရောက်နေသလိုလိုပေါ့နော် အလို လှည့်ကြည့်ကြတယ် ...အဒါနဲ့ အဒီနာမည်ကိုမကြိုက်တော့ တာနဲ့ပဲ ဒိုးဇက်ဆိုတဲ့ နာမည်ကို ပေးဖြစ်ခဲ့တာ


MUS : အခုလက်ရှိ Doe Zez ဆိုတဲ့ နာမည်ကို ပြောင်းမယ်လို့ ကြားတယ် ဘာကြောင့်လဲ ခင်ဗျ။
DIRTY DOE ZEZ : သိပ်မိုက်တဲ့မေးခွန်းလေးပါပဲ ..... ပာုတ်ပါတယ် အဒီနာမည်နဲ့ under ground မှာ
သီချင်းလုပ်တဲ့ လူတွေက အများကြီးဖြစ်နေတယ်စောက်ရမ်း အာရုံနောက်နေတာ... အဒါနဲ့ ခု DIRTY DOE ZEZ ဆိုတဲ့နာမည်ကို ပြောင်းလိုက်ပြီ ဘာလို့လဲ ဆိုတော့ ကိုယ်က Street ပုံစံပဲနေတတ်တယ် နဲနဲညစ်ပတ်တာပေါ့နော် စကားပြောတာကအစ အဒါနဲ့ အရမ်းခင်တဲ့ အကိုတယောက် Dirty doe zez လို့ ခေါ်ရင် နဲ့ အဒီနာမည်ကိုခိုက်သွားတာ အဒါနဲ့ ပြောင်းလိုက်တာပါ
MUS : အော်ဟုတ်ကဲ့ နာမည်လေးက မိုက်ပါတယ်။ ဒါနဲ့ အစ်ကို underground လောကထဲကို ဘယ်အချိန်လောက် က စတင်ဝင်ရောက်ခဲ့လဲခင်ဗျ။
DIRTY DOE ZEZ : ရောက်လာခဲ့တာတော့ သိပ်မကြာသေးဘူး 3နှစ်လောက်ပဲရှိသေးတာပေါ့နော် ခု 2011 အပါဝင်ဆိုရင်ပေါ့ hip hip muzik ကိုစပီး ရှုးသွပ်ခဲ့တာတော့ 9တန်းလောက်ကပါ မြန်မာပြည်ရဲ့ OLD SKHOOL တွေဖြစ်တဲ့ ACID နဲ့Eminem ရဲ့ သီချင်းတွေ နားထောင်ပီးကတည်းကပေါ့နော် အဒီတုန်းကတော့ လေ့လာနေတာတုန်းပဲရှိသေးတယ် သေချာလဲ မသိသေးတာတွေရှိနေခဲ့တယ် အကုန်လုံးကိုသေချာသိပီဆိုတော့မှ under ground ကို microphone ကိုင်ပီး ၀င်လာခဲ့တာပါ
MUS : UG ကို စရောက်ခဲ့တုန်းက အတွေ့အကြုံလေးကိုလဲ ပြောပြပေးပါအုံး အကို။
DIRTY DOE ZEZ : အပာာ...စောက်ရမ်းမိုက်တဲ့ မေးခွန်းပဲ.. ရှိပါတယ် UG မှာက ကိုယ့်ထက် SOX ရမ်း JOUS နေတဲ့ စီနီယာတွေက အများကြီးပဲလေ သူတို့လောက်လန်းရင်လန်း မလန်းရင်တော့ ဒီမှာတိုးလို့ မလွယ်သလိုနေရာတနေရာရဖို့မလွယ်ဘူးဆိုတာ သိလာတယ် အဒါနဲ့ ကိုယ့်လက်ရှိ အတွေးခေါ်တွေကို UP DATE ဖြစ်အောင် IDIOM တွေကို အသစ်ကြီးတွေဖြစ်အောင် လုပ်ရတယ် အဆိုးဆုံးအခက်ခဲက ကိုယ်လိုချင်တဲ့ beatz တွေကို ပင်တိုင် တီးပေးမယ့် FRUITY LOOP PLAYER တယောက်မ၇ှိတာပဲ အကိုလဲ မတီးတတ်ဘူး လေကိုယ်တဆိုင်က လဲ GHETTO RAPPER ဆိုတော့ COMPUTER တလုံးတောင်မရှိဘူး........ အိမ်ကလဲ သီချင်းလုပ်တာတွေကို မကြိုက်ဘူး နှင်ချလိုက်တယ် ခုဆို အိမ်ပေါ်က ဆင်းပီးသီချင်းတွေ လုပ်ခဲ့ရတယ်
MUS : ဟုတ်ကဲ့ အကိုဘယ်သီချင်းနဲ့ နာမည်ရခဲ့သလဲ ခင်ဗျ။
DIRTY DOE ZEZ : အင်း MMHL 6လပြည့်မှာ လုပ်တဲ့ MIXTAPE မှာ အကိုရဲ့ “ငါပေးတဲ့ဖြောင့်ချက်”ဆိုတဲ့ R N B နဲ့ HIP HOP အချစ်FANCY သီချင်းလေး မမျှော်လင့်ပဲပါလာခဲ့တယ်......BABY ERROR နဲ့ ဆိုခဲ့တဲ့ သီချင်းလေးပါ အဒီသီချင်းကို l@y NET က တီးပေးတယ် တပုဒ်လုံးကို အကိုရေးတာပေါ့နော်...... အဒီသီချင်းလေးနဲ့အကို့ကို လူတွေသိခဲ့တယ် COMMENT တွေလဲ အများကြီးရခဲ့တယ် မျက်ရည်ဝဲမတတ် ပျော်ခဲ့ရတယ် အကို့ကို ဘေးမှာ အမြဲလိုလို အားပေးနေတဲ့ ကိုယ်မျိုးလွင်ကိုတောင် အကိုဖက်ပီးငိုခဲ့တယ် ပျော်လွန်းလို့ပါ နောက်ထပ်လဲ အဒီလို သီချင်းထက်မိုက်တဲ့ သီချင်းတွေ ကို ဖန်တီးဖို့ ခွန်အားတွေရှိလာခဲ့တယ် အကုန်လုံးက အားပေးလို့ ဒိုးဇက်ဆိုတာ ug မှာ နေရာတနေရာရလာခဲ့တာပါ
MUS : အကို UG ထဲ ၀င်တုန်းက အကို့ကို လက်တွဲခေါ်မဲ့သူ ရှိပါသလား။
DIRTY DOE ZEZ : မရှိခဲ့ဘူး ညီလေး မရှိတဲ့အပြင် နှိမ်တောင်နှိမ်ကြသေးတယ်ကွာ မိဘကအစပေါ့ အရှုးအိမ်မက်ကြီးပါတဲ့ကွာ .........စိတ်ကူးယာဉ်တာ ကောင်းတဲ့ အကျင့်မပာုတ်ဘူးတဲ့ အချိန်ဖြုန်းတာနဲ့တူတယ်တဲ့ကွာ...... အကို အားမလျော့ပါဘူး အံကြိတ်ပီး ကိုယ့်လမ်းကိုယ်ဖောက်ခဲ့တယ်.... ....အားလုံးကို NO SOX ဂရု ပေါ့ကွာ .....
MUS : အကိုရဲ့ A Chit Tit Pin Ngal သီချင်းက လူတော်တော်များများ ကြိုက်ကြတယ်နော်။ သီချင်းလေးကို ရေးဖြစ်ခဲ့တဲ့အကြောင်းလေးကို ပြောပြပေးပါလား ခင်ဗျ။
DIRTY DOE ZEZ : ပာုတ်တယ် ညီလေး အဒီတုန်းက အကိုရယ် လေးနက်ရယ် INTERNET ဆိုင်မှာ CHAT ROOM ထဲဝင်နေတုန်း MC WOM WOM က TWISTS FAM ဖွဲ့မယ့် လို့ REQUEST လုပ်လာတယ် အဒါနဲ့ အကိုလဲ နောက်ပီးလုပ်လေလို့ဘာညာနောက်လိုက်တာ အဒီမှာ နောက်နေ့ရောက်တော့ အကိုတို့ရှိတဲ့ INTERNET ဆိုင်ကို WOM WOM ရောက်လာရော အကို တချို့က သူ့ကို ကလေးလို့မထင်ဘူး အကိုတို့နဲ့ လည်ပယ်လောက်ပဲ ထင်တာ သူက အသက် 11နှစ်ပဲရှိသေးတာ အဒီမှာ လေးနက် ကသူတီးထားတဲ့ BEATZ တပုဒ်ကို ဖွင့်ပြတယ် အချစ်သစ်ပင်သီချင်းဆိုတဲ့ TITLE ပေးပီး ရေးခဲ့ ကြတာ ကိုယ့်ပုံစံနဲ့ကိုယ်ပေါ့ WOM WOM က twist ရွတ်တယ် လေးနက်က featuring ဆိုတယ် twist လဲရွတ်တယ် အကိုကတော့ 16ဘားစာလောက်ပဲရေးပီးဆို ဆိုလိုက်တာ အဒီမှာ အချစ်သစ်ပင်သီချင်းလေး ကိုလုပ်ဖြစ်သွားတာ
MUS : အော်ဟုတ်ကဲ့ အကို့အနေနဲ့ အခုလက်ရှိ မြန်မာပြည် Underground လောကကြီးနဲ့ ခုလက်ရှိတက်လာတဲ့ လူငယ်တွေအပေါ်မှာ အစ်ကို့ဘယ်လို မြင်မိလဲ သိပါရစေ။
DIRTY DOE ZEZ : သူတို့ ကို hip hop နဲ့ပတ်သတ်ရင် အရမ်းရှုးသွပ်နေတဲ့ လူငယ် new generation တွေလို့မြင်တယ် hip hop ကို စော်ကြည်ဖို့ နာမည်ကြီးဖို့ လူရှိန်ချင်၇ုံသက်သက်မပာုတ်ပဲနဲ့ အကုန်သိအောင်လေ့လာပီးမှ လုပ်စေချင်တယ် ပီးတော့ MIC SKILL ရှိရင်ပိုကောင်းတာပေါ့ လက်ရှိအနေထားအရတော့ UNDER GROUND မှာ တော်၇ုံ အနေအထားနဲ့ တိုးလို့မရနိုင်ပါဘူး မင်းထက်လန်းနေရမယ် ဆိုတဲ့ စိတ်ဓါတ်နဲ့ လုပ်ဖို့လိုအပ်ပါတယ် ပီးတော့ HIP HOP ဂီတကြီး ခိုင်ခန့်လာတယ်လို့လဲ မြင်ပါတယ်။
MUS : အော်ဟုတ်ကဲ့ အကိုရဲ့ အိပ်မက်က ဘာဖြစ်လဲအကို။
DIRTY DOE ZEZ : အင်း EMINEM လောက် အောင်မြင်မှုရချင်တယ် ဒီ MC ဘ၀နဲ့ပဲ အသက်သေချင် တယ်ပေါ့နော် ပီးတော့ HIP HOP မှာ နာမည်တခု (သို့) မှတ်တိုင်တခု စိုက်ထူသွားချင်တယ် ကပ္ပလီတွေရဲ့နေထိုင်မှုကို သဘောကျတယ်။
MUS : ဟုတ်ကဲ့ ခင်ဗျ ။ အကို လုပ်ခဲ့တဲ့သီချင်းတွေထဲမှာဘယ်သီချင်း အားအရဆုံးလဲဆိုတာလေး ပြောပြပေးပါအုံး အကို။
DIRTY DOE ZEZ : အင်း YOUNGER FAMILY က နောင်ကြီးနဲ့ လုပ်ထားတဲ့ EAST SIDE နဲ့ WEST SIDE ကိုအားရတယ် ပီးတော့ ကမ္ဘာတဖက်ကမိုးသီချင်းလေးကိုအားရတယ် အခု MHC ဆိုက်က လုပ်တဲ့ HIP HOP REVOLUTION MIXTAPE မှာပါတဲ့သီချင်းပေါ့နော် အဒါကို လက်ရှိအနေထားမှာ အားအရဆုံးပဲ။
MUS : ဟုတ်ကဲ့။ ပြည်တွင်းပြည်ပမှာ အကိုအားကျတဲ့ အဆိုးတော် ရှိပါသလား။ ရှိရင် သိပါရစေ။
DIRTY DOE ZEZ : အပာာ ရှိတာပေါ့.......ပြာညပ်မှာဆိုရင်တော့ EMINEM နဲ့ ICE CUBE , LITTLE JOHN
THE GAME , DADY YANKEE ပြည်တွင်းမှာဆိုရင် တော့ ကြက်ဖ G TONE ဘာဘူ J ME ပေါ့လေ MHA တခုလုံးပေါ့။
MUS : အော်ဟုတ်ကဲ့ အကို အနေနဲ့ ပရိတ်သတ်များကို ဘားများပြောခဲ့ချင်ပါသလဲ ခင်ဗျ။
DIRTY DOE ZEZ : ဟုတ်ကဲ့ ...... ပရိတ်သတ်တွေကို အားလုံးကို DIRTY DOE ZEZ က လေးစားပါတယ်လို့...... အားလုံးရဲ့ လက်ခုပ်သံကိုပဲ လိုချင်ပါတယ်နောက်ထပ်လဲ ဒီထက်မိုက်တဲ့ သီချင်းတွေကို ဖန်တီးသွားမှာပါ လို့ပီးတော့ FREE STYLE BATTLE မှာလဲ ၀င်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်.... MIXTAPE LEVEL 2 ကိုလဲ စလုပ်နေပါပီ အဒီအတွက် စတူဒီယိုထဲလဲ ၀င်နေပါပီ “မအတွက်”ဆိုတဲ့ သီချင်းလေးကိုလဲ ကိုထင်လင်းညိုနဲ့ MTV ၇ိုက်နေပါပီဆိုတဲ့အကြောင်း လက်ခံအားပေးမှုကို စောက်ရမ်းကျေးဇူးတင်ပါတယ် ဆိုတဲ့အကြောင်း အာဖြဲပီးတော့ပြောလိုက်ပါတယ်
MUS : ဟုတ်ကဲ့ အကို့ကို ဝေဖန်အကြံပေးချင်ရင် ဘယ်လိုဆက်သွယ်ရမလဲ ခင်ဗျ။
DIRTY DOE ZEZ : ပာုတ်ကဲ့ MC.DOEZEZ@GMAIL.COM ကို ဆက်သွယ်နိုင်ပါတယ်လို့
MUS : အခုလို စိတ်ရှည်လက်ရှည်နဲ့ ဖြေပေးတဲ့အတွက်ကျေးဇူးပါပဲ။ အကိုအိပ်မက်အတိုင်း နာမည်ကြီးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
DIRTY DOE ZEZ : အင်တာဗျူးပေးတဲ့ အက်ဒမင် ညီလေး ကျော်ဇင်ဟိန်းကိုလဲ ကျေးဇူးအထူး ပဲတင်ရှိပါတယ်လို့ ညီလေးတို့ ဆိုက်ကြီးလဲ ဒီထက်မက တိုးတက်ပါစေ ရပ်တည်နိုင်င်ပါစေလို့ အကိုလဲ ဆန္ဒပြုပါတယ်။
မှတ်ချက်//  http://www.myanmarhiphopgeneration.com  
မှကူးယူတင်ပြထားတာလေးပါ /ကျေးဇူးတင်ပါတယ်//zinphyo

0 comments:

Post a Comment